သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

သရက်ချောင်း   မေ  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာ‌ရေးအဖွဲ့ အဖွဲ့ဝင်များက ကျောင်းသား/သူများ ကျောင်းများဖွင့်လှစ်နေစဉ်ကာလအတွင်း ရာသီတုတ်ကွေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းစေ‌ရေးအတွက် သရက်‌ချောင်းမြို့ပေါ်ကျောင်းများ၌ ယမန်နေ့က ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာအဖွဲ့ဝင်များက အခြေခံပညာကျောင်းများအတွင်းရှိ စာသင်‌ဆောင်အခန်းများ အတွင်း/အပြင်၊ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့် ရေအိုင်များ၊ မြောင်းများ၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)