သရက်ချောင်း မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်၍ ဆရာ/ဆရာမများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီခွဲအချိန်မှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းမဖွင့်မီ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ-စစ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အဖွဲ့ဝင်များက အခြေခံပညာကျောင်းများတွင် ကျောင်းမဖွင့်မီ သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရေကန်ကြီးများ၊ ရေတိုင်ကီများ၊ ရေပုံးများ၊ ညောင်ရေအိုးများအတွင်းသို့ ပိုးလောက်လန်းသေဆေး (အဘိတ်ဆေး)များကို စုပေါင်း၍ လိုက်လံခတ်ပေးခဲ့ပြီး အဆိုပါအခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေ ရန်ပြောပြခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)