တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့၊နန်းတောင်  ကျေးရွာ၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍  ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေး၍ လက်တွေ့သရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ နန်းတောင်ကျေးရွာ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာ အီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်း ဆိုင်ရာများအသိပညာပေးခြင်းကို  အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ် ၂နာရီ အချိန်ကနန်းတောင်ကျေးရွာ၊အမကကျောင်းခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ပုလောမြို့ အထက(၁)ကျောင်း၌ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ကော့သောင်းမြို့နယ်မှ အသက် အသက်(၁၂၁)နှစ်ရှိ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘွားအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့မှ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး အသက်(၁၂၁)နှစ်အရွယ် အဘွားဒေါ်ပန်းနွယ်အား ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ သွားရောက်ပေးအပ်ကြောင်း သိရသည်။

ပလောက်မြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေး၍ လက်တွေ့သရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများအသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပလောက်မြို့၊ ရွှေသီလာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ပညာရေးအထောက်အကူပြုဖောင်ဒေးရှင်းမှ နိုင်ငံတော်အဆင့် လူရည်ချွန်များနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပညာရေးအထောက်အကူပြု ဖောင်ဒေးရှင်း(ကော့သောင်း)မှ နိုင်ငံတော်အဆင့်လူရည်ချွန်များနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပ လောက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် စက်ကိုင်ကွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက ပလောက်မြို့ ရွှေသီလာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့၌ အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ကျွန်းစုမြို့၌ ယခုနှစ်မိုးရာသီအတွင်း စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်များ ရိတ်သိမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယခုနှစ်မိုးရွာသီအတွင်း စိုက်ပျိုးခဲ့သော မောင်းလှော်ကျေးရွာရှိ ကွင်းအမှတ်(၃၀၈/၆၉၀)၊ ဦးပိုင်အမှတ် (၇၉/၃) တောင်သူ ဦးမြင့်အောင်၏ မိုးစပါးစိုက်ဧက (၄)ဧကအား အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်တပ်ဖွဲ့လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့မှုရှိစေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တပ်ဖွဲ့ဝင် တူညီဝတ်စုံ ပေးအပ်ခြင်းအခမ်းအနားကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ည (၇) နာရီက ကျင်းပသည်။

ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး‌‌ပေါင်း၍ဖွင့်လှစ်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကို   အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကပကျေးရွာအုပ်စု၊ ကပကျေးရွာ (Smart Village) ၌ စတင်ဖွင့်လှစ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး