ဘုတ်ပြင်းမြို့ အထက(တောင်ဒဂုံ)ကျောင်း၌ သစ်ပင်စိုက်ပျိုးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ဘုတ်ပြင်း ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီးဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မြို့နယ်သစ်တောဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီသစ်ပင်းစိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၃ ရက်နေ့က ထောင်ခမက် ကျေးရွာအုပ်စု အထက(တောင်ဒဂုံ)ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အထက(တောင်ဒဂုံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းမြိုင်က အသိပညာပေးဟောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးမှူး ဦးစောလူးသယ်ရွှေက သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများနှင့် သဘာဝဘေးဒဏ်မှ ကာကွယ်ပေးခြင်းဆိုင်ရာများ၊ သစ်တောသစ်ပင် အသုံးဝင်ပုံများနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များမေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)