သရက်ချောင်း ဇူလိုင် ၄
ဥပဒေရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥပဒေရုံးမှ ဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က သင်တန်းသား/သူများအား အမှာစကား
ပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးကျော်ကျော်အောင်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဆင်းပွဲနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်းနှင့် သင်တန်းတွင်ပို့ချသင်ကြားပေးခဲ့သော ဥပဒေဆိုင်ရာ ဘာသာရပ်များကို စိတ်ဝင်စားစွာ မှတ်သားလေ့လာကြသော သင်တန်းသား/သူများအား ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင် (ပြန်/ဆက်)