တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၆ ရက်က အောင်မင်္ဂလာရပ်ကွက်ရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကလိန်အောင်မြို့၌ ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၆) ကျောင်းကြက်ခြေနီသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိပညာရတနာခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ‌ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာသို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

ကော့သောင်းခရိုင်၊ အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊‌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာသို့ ဇူလိုင်လ(၅)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်း သွား ရောက်၍ ဒေသဖွံ့ဖြိုးရေး၊ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စုအောင်ဘာကျေးရွာတွင် ကော့သောင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ အခမဲ့အထူးကု ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၊ အောင်ဘာတိုက်နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ကော့သောင်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါက်တာလင်းထိုက်နှင့် အထူးကုဆရာဝန်များက အခမဲ့အထူးကု ကွင်းဆင်းဆေးကုသခြင်းကို ဇူလိုင်လ(၅)ရက်နေ့က  ဆောင်ရွက်သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ မုန်တိုင်းဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီအလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ တနင်္သာရီတိုင်းဒေသကြီး မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကမြောကင်းတံတားအနီး ထားဝယ်မြစ်အတွင်း ကျင်းပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

ခမောက်ကြီးမြို့ အခြေခံပညာအလယ်တန်း ကျောင်းတွင်သွေးလွန် တုပ်ကွေးရောဂါကြို တင်ကာကွယ်နိုင်ရေးဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ အခြေခံပညာအလယ်တန်း ကျောင်း(ယုဇန) တွင်သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးဟောပြောပွဲကို ယမန်နေ့ ကဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကလိန်အောင်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီခွဲက သစ်တောဦးစီးဌာန၊ တနင်္သာရီ သဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ/ အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ သရက်ချာင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ Grade-9 အောင် ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊  စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း‌ကျောင်း တက်‌ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (သရက်ချောင်း)ကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတက်ရောက်​နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ.မ.က)ပန်းတော(မူလွန်) ကျောင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းတက်နိုင်ရေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူ မိဘများဖြင့် ယမန်နေ့ကကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးထိန်လင်းကျော် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ထားဝယ်မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး