မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်၌ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ(၁)ရက် နံနက်(၉) နာရီက ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။