သရက်ချောင်း ဇူလိုင် ၃
ဥပဒေရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥပဒေရုံးမှ ဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က သင်တန်းသား၊ ကျောင်းသူများအား အမှာစကားပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးကျော်ကျော်အောင်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်းနှင့် သင်တန်းတွင်ပို့ချသင်ကြားပေးခဲ့သော ဥပဒေဆိုင်ရာဘာသာရပ်များကို စိတ်ဝင်စားစွာမှတ်သားလေ့လာကြသော သင်တန်းသား/သူများအား ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)