ဘုတ်ပြင်း ဩဂုတ် ၁၁
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ၍ မိသားစုဝင်ငွေတိုးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဘုတ်ပြင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦးနှင့်ဘုတ်ပြင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ရဲလင်းဦးတို့က သင်တန်းအဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းတွင် င်ကြားမည့် အခန်းကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြပြီး အဝတ်လျှော် ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ လက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်၊ဆပ်ပြာအမွှေးခဲ၊ ပရုတ်ဆီနှင့် ဖယောင်းတိုင်ထုတ်လုပ်နည်း စသည့်တို့ကို သင်တန်းကာလ (၅)ရက်အတွင်း သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်