ပုလောမြို့ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ပုလော  ဩဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်  ပုလောမြို့၌  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ သွားနှင့် ခံတွင်း စစ်ဆေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ လိုအပ်သည့် ဆေးနှင့် အာဟာရများ ထောက်ပံ့ပေးခြင်းစသည့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)