တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့ (အ-ထ-က)သရက်ချောင်းကျောင်း၌ ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(သရက်ချောင်း) ပညာရတနာခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းစုမြို့နယ် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ ပြည်ထောင်စု‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ (၉)ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကျွန်းစုမြို့နယ်၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲ စတင်ကျင်းပမည်ဖြစ်ရာ မဲရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့်သူများသည် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့က မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စီစဉ်ဆောင်ရွက်သည့် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ထုတ်ယူကာ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည်။

ပုလောမြို့နယ်၊ ပြည်ခြားကျေးရွာအုပ်စု၊ နန်းတောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပြည်ခြားကျေးရွာအုပ်စု၊ နန်တောင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့တွင် စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် သက်တမ်းလွန်အလှကုန်များအား မြှုပ်နှံဖျက်ဆီး

စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် သက်တမ်းလွန်အလှကုန်များအား ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တဂူသိမ်အမှိုက်ပုံ၌ တွင်းတူး၍မြှုပ်နှံဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံး (ဂိုးလတ်) ပြိုင်ပွဲကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာနှင့် စခန်းကြီးကျေးရွာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်‎ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကွင်းဆင်း ဆောင်ရွက်ခြင်းကို လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း၊ ‎စခန်းကြီးကျေးရွာ၊ အမှတ်(၁၀၄)ခြေလျင်တပ်ရင်းခန်းမ၌လည်းကောင်း ယမန်နေ့နံနက်ပိုင်းမှ စတင်၍  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများနှင့် ကိုယ့်အားကိုယ် ကိုး မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန် မတည်ငွေ ကျပ်သိန်း(၅၀၀) ပေးအပ်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၈)ရက် နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ကြသည်။

ခမောက်ကြီးမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ယာဥ်မောင်းနှင်သူများသည် သတ်မှတ်ထားသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးနိုင်ရေးနှင့် ယာဥ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၈ နာရီက ပြည်ထောင်စုကားလမ်းမကြီး စည်ပင်သာယာပန်းခြံအရှေ့၌ ဆောင်ရွက်သည်။

ကျွန်းစုမြို့နယ်၌ မဲရုံဖွင့်လှစ်မည့် အဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မဲရုံဖွင့်လှစ်မည့် အဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် ဇန်နဝါရီလ ၈ နံနက်ပိုင်းက မဲရုံအဖြစ် ဖွင့်လှစ်မည့် ကျွန်းစုမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဆောင်ရွက်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး