တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သန့်စင်စက်ဖြင့် ဆေးကုသနေမှုနှင့် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားရှိမှုအားသွားရောက် ကြည့်ရှု
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီး၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။