နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)လမင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ကတ်ပြားများဆောင်ရွက်ပေး

ကော့သောင်း ဇူလိုင် ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊‌ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား၊ကျောင်းသူလေးများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်(‌၁၇)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြရာ ယမန်နေ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဦးဝင်းဌေး၊ ခရိုင်လဝကဦးစီးမှူး ဦးမြင့်ဘုန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုငြိမ်း တို့သွားရောက်ကြည့်ရှုခဲ့ကြသည်။

ဦးစွာ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူးတို့က ရှင်းလင်းပြောကြားခဲ့ပြီး  တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူလေးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်‌ပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများ လက်ဝယ်အ‌ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူများအားဆောင်ရွက်ပေးခြင်း၊ အသက်(၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀)နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူ၍ UID ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းဖွင့်ကာလတွင် စာသင်ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)