သရက်ချောင်း ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအသက် ၁၆ နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးခင်မောင်လွင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြကာ ပြိုင်ပွဲအား စတင်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် (အ-ထ-က)သရက်ချောင်း(က)အသင်းနှင့် ပန်းတောမူလွန်ကျောင်းအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရာ (အ-ထ-က)သရက်ချောင်း(က)အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအားဆက်လက်ကျင်းပရာ ဂိုးသမားအကောင်းဆုံးကစားသမားဆုရရှိသော (အ-ထ-က) သရက်ချောင်း (ခ)အသင်းမှ မယွန်းမြတ်သော်အား ဒိုင်းဆုနှင့် ငွေသားအားလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရရှိသော ပန်းတောမူလွန်အသင်းမှ မသံစဉ်ချိုအား ဒိုင်းဆုနှင့် ငွေသားဆုအားလည်းကောင်း၊ ပြိုင်ပွဲတွင် ပထမရရှိသော(အ-ထ-က) သရက်ချောင်း(က) အသင်းနှင့် ဒုတိယရရှိသော ပန်းတောမူလွန် ကျောင်းအသင်းတို့မှ အားကစားသမားများအားလည်းကောင်း၊ ပထမရရှိသော (အ-ထ-က) သရက်ချောင်း(က)အသင်းအား တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးခင်မောင်လွင်နှင့် ကော်မတီဝင်များက ဆုချီးမြှင့်ပေးခဲ့ ပြီးနောက် ဆုရရှိသောပြိုင်ပွဲဝင်အသင်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)