မြိတ်မြို့နယ်ရှိ ပြည်သူများအတွက် ကျေးရွာချင်းဆက်နှင့် ကျေးရွာအဝင်လမ်း ကျောက်ကြီးစီ သံကူကွန်ကရစ် တံတား(၁)စင်းနှင့် Box Culvert (၂)စင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

မြိတ်    ဇူလိုင်    ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း ကျေးရွာချင်းဆက်နှင့် ကျေးရွာအဝင်လမ်းရှိ ကျောက်ကြီးစီ သံကူကွန်ကရစ် တံတား(၁)စင်းနှင့် Box Culvert (၂)စင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆောင်ရွက်ပြီးစီးသည့် ကျောက်ကြီးစီ ကမ်းကပ်ခုံ သံကူကွန်ကရစ်တံတားသည် ရှမ်းတောင်-စလွန်းလမ်းပေါ်  (၀/၇)မိုင်နှင့် (၁/၀)မိုင်ကြားတွင် အလျား(၁၀)ပေ၊ အကျယ်(၂၄)ရှိ တံတား(၁)စင်းကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စလွန်းကျေးရွာ အဝင်လမ်းပေါ် (၁/၄)မိုင်နှင့် (၁/၅) မိုင်ရှိ (၅'×၅'x၂၄') Box Culvert (၁)စင်းကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ဆလင်ကျေးရွာအဝင်လမ်းပေါ် (၀/၀)မိုင်နှင့်(၁/၀)မိုင်ကြားတွင် (၅'×၅'x၂၄') ကျောက်ကြီးစီ ကမ်းကပ်ခုံသံကူကွန်ကရစ်ကြမ်းခင်း Box Culvert (၁)စင်းကို ပြည်ထောင်စု(ပြင်ထိန်း) ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးခဲ့သည့် အဆိုပါ တံတားနှင့် Box Culvert တို့ကို အသုံးပြု၍ ကျေးလက်နေပြည်သူများ ယခင်ကထက် သွားလာမှုပိုမိုလွယ်ကူအဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )