ပွင့်ဖြူမြို့နယ်၌ မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပွင့်ဖြူမြို့၌ မြို့တွင်းဖြတ်သန်းသွာလာသော မော်တော်ယာဉ်များအား မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။