ရေနံချောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ရေနံချောင်း ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဖြိုးဝေက သင်တန်းသား ဆရာ၊ ဆရာမများအား မဲပေးစက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် အလေးထားမှတ်သားသင်ယူကြဖို့လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်ချစ်ဆုအိမ်က ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ချိုချိုလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုနည်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ၁၄ ဦးက သင်တန်းသား၊ သင်တန်းသူ ၁၉၉ ဦးအား ဩဂုတ် ၂ ရက်နေ့မှ ၅ ရက်နေ့အထိ သင်တန်းကာလ ၄ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)