ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပွဲ ကျင်းပ
PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူများမှ လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ ရဲတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ အလင်းဝင်ရောက်လာသူ PDF သင်တန်းဆင်းလူငယ် ၁၄ ဦးနှင့် အုပ်ထိန်းသူများ တက်ရောက်ကြသည်။