ဂန့်ဂေါ၌ နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဂန့်ဂေါ ဩဂုတ် ၃

ဂန့်ဂေါမြို့တွင် အမှတ်(၇၇၃)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးလှမျိုးထွန်း၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် အားကစားဝါသနာရှင်များပူးပေါင်းကျင်းပသော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ရပ်ကွက်နေပြည်သူအသင်းများပါဝင်သည့် ၂၀၂၅ ခုနှစ် နည်းဗျူ ဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကိုဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ နည်းဗျူဟာမှူးဗိုလ်မှူးကြီးလှမျိုးထွန်းနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ကျောင်း သား/ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။                          

ဦးစွာ နည်းဗျူဟာမှူးနှင့်တက်ရောက်လာကြသူများသည် ပြိုင်ပွဲဝင်ကစားသမားများနှင့်ဒိုင်လူကြီးများက အ-ထ-က(ဂန့်ဂေါ)ကျောင်းမှ ကျောင်းသား/ကျောင်း သူများ၏ဘင်ခရာတပ်ဖွဲ့နှင့်အတူချီတက်၍ နိုင်ငံတော်အလံအားအလေးပြုကြကာ နည်းဗျူဟာမှူးဖလားမိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၁) အသင်းနှင့်အမှတ်(၂)အသင်းတို့ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု့အားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက်ဂိုးသွင်းအများဆုံး ကစားသမားဆုရရှိသည့်ရဲတပ်ဖွဲ့အသင်းမှ မောင်မိုးကျော်အား မြို့မိမြို့ဖ ဒေါက်တာယဉ်မင်းထွန်းမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရရှိသည့် အမှတ်(၁)အသင်းမှ ကျောနံပါတ်(၁၀)မောင်သားပိုင်အား မြို့နယ်အား/ကာမှူးဦးဌေးမင်းမှလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုရရှိသည့် အမှတ်(၂)အသင်းမှကျောနံပါတ်(၁)မောင်အောင်ခန့်မြိုင်အား မြို့ နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဝင်းမှလည်းကောင်း၊ အကောင်းဆုံးနောက်တန်းကစားသမားဆုရရှိသည့် အမှတ်(၂)အသင်းမှကျောနံပါတ်(၁၉)မောင်အောင်ကျော်ကျော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးအောင်မှလည်းကောင်း၊ အကောင်းဆုံးအလယ်တန်းကစားသမားဆုရရှိသည့် အမှတ်(၂)အသင်းမှ ကျောနံပါတ်(၁၇)မောင်စိုးမင်းသန်းအား ခရိုင်လ.ဝ.ကမှူးဦးကျော်ကျော်ဦးမှလည်းကောင်း၊ အကောင်းဆုံးရှေ့တန်းကစားသမားဆုရရှိသည့် အမှတ်(၂)အသင်းမှကျောနံပါတ်(၂၃) မောင်ညီတုန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးဝင်းမှလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။    

ဆက်လက်၍ ၂၀၂၅ ခုနှစ် နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၁)အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ဂုဏ်ပြုဆုငွေကျပ်သုံးသိန်းကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူးဒုတိယရဲမှူးကြီး ကျော်ဆွေဦးမှလည်းကောင်း၊ ပထမဆုရရှိသည့် အမှတ်(၁) အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေကျပ်ငါးသိန်းနှင့်တံခွန်စိုက်ဆုဖလားတို့ကို အမှတ်(၇၇၃)နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်းက ပေးအပ်ချီးမြှင့်ခဲ့သည်။အဆိုပါ ၂၀၂၅ ခုနှစ် နည်းဗျူဟာမှူးဖလားမိုးရာသီဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၉)သင်းပါဝင်ကာ အုပ်စုပတ်လည်စနစ်ဖြင့် ဇူလိုင်လ(၁၁)ရက်နေ့မှဇူလိုင်လ(၃၁)ရက်နေ့အထိ ခရိုင်ပြည်သူ့အားကစားကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)