အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် မိုးရာသီမေဂျာပေါင်းစုံ ကျောင်းအုပ်ကြီးဖလား အားကစားပြိုင်ပွဲများ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ မေဂျာပေါင်းစုံ ကျောင်းအုပ်ကြီးဖလား အားကစားပြိုင်ပွဲများ ဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ Table tennis ပြိုင်ပွဲနှင့် ထုပ်စည်းထိုးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၃) နာရီက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။