စလင်း သြဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးတွင်ပညာသင်ကြားနေသည့် ရဟန်းသံဃာများနှင့်သီလရှင်ဆရာလေး အပါး(၄၀၀)ကျော်အား စုပေါင်းအာရုံဆွမ်းလောင်းလှူပွဲကို စလင်းမြို့ သာသနဟိတဆွမ်းလောင်းအသင်းမှ ဦးဆောင်ကြီးကြပ်၍ ယနေ့ ၁၃၈၇ ခုနှစ် ဝါခေါင်လဆန်း၁၀ရက် ၅ နာရီ ၃၀ မိနစ်အချိန်က စျေးမရပ်ကွက် သာသနဟိတဆွမ်းလောင်းအသင်းကြီးရှေ့တွင်စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် သာသနဟိတဆွမ်းလောင်းအသင်းကြီးမှ အကျိုးတော်ဆောင်များမှ ဦးဆောင်ကြီးကြပ်မှုဖြင့်စုပေါင်း၍ အများပြည်သူများထံမှအလှူခံရရှိသည့် အလှူငွေများ ကျေးရွာအုပ်စုများမှ လှည့်လည်အလှူခံရရှိသည့် အလှူငွေများလစဥ်စုဆောင်း၍ အများပြည်သူတို့၏ လှူဒါန်းလိုသောသဒ္ဒါတရားတို့ဖြင့် စာသင်တိုက်အသီးသီးတို့တွင်ပညာသင်ကြားနေသည့် ရဟန်းသံဃာသီလရှင်ဆရာလေးအပါး(၄၀၀)ကျော်အား နံနက်အာရုံဆွမ်း အခက်အခဲမရှိစေရန် စုပေါင်းလောင်းလှူကြကြောင်း သိရသည်။
မောင်လွင်(စလင်း)