ငဖဲမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ငဖဲ  ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ချောင်းဖြူကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတဥက္ကဋ္ဌဦးကျော်စိုးက ကျေးလက်နေပြည်သူများနေ့စဉ်လူမှုဘဝတွင် ကျန်းမာစွာနေထိုင်နိုင်ကြစေရန်အတွက်ကျေးရွာများအရောက်ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းဆွေးနွေးပြောကြားပြီး ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတဥက္ကဋ္ဌဦးကျော်စိုးနှင့်အဖွဲ့ဝင်များဦးဆောင်ကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာအုန်းဝင်းနှင့် ဝန် ထမ်းများကကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးချိုရောဂါ ရှိ၊ မရှိ တိုင်းတာပေးခြင်း ၊ လိုအပ်သောဆေးဝါးများပေးအပ်ခြင်းနှင့် ဆေးကုသပေးခြင်းများကိုချောင်းဖြူကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့်သံဃာတော်များ၊ ဒေသခံပြည်သူများစုစုပေါင်း ၉၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)