စေတုတ္တရာမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

စေတုတ္တရာ ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များအင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ် လည်မှုနှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာများသတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ကေသီမွန်က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး မြို့နယ်ဒုရဲအုပ်မှူးဦးမျိုးလွင်က ယနေ့ခေတ်တွင်ဆက်သွယ်ရေးနည်းပညာများ လျင်မြန်စွာ တိုးတက်လျက်ရှိရာ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့်နည်းမျိုးစုံဖြင့် လိမ်လည်ခံရသူများမရှိစေရေးအတွက် ဒေသခံတိုင်းရင်းသားများ၊ ကျောင်းသား/ကျောင်းသူများသတိပြုဆင်ခြင်နိုင်စေရေး၊ အင်တာနက်အွန်လိုင်းအသုံးပြု၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ လိမ်လည်လှည့်ဖြားရယူခြင်းများ၊ လောင်းကစားမှု၊ လိမ်လည်မှုနှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာများအားသတိပြုဆင်ခြင်နိုင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး ပညာပေးဗီဒီယိုကလစ်များပြသပေးခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)