မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အရောင်ဖြင့် ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်စေရန်  အဆိုပါရုံးရှေ့မျက်နှာစာနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ရုံးမျက်နှာရှေ့တို့တွင် ယမန်နေ့နံနက်ပိုင်းက အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အရောင်ဖြင့်ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိခြင်းများ ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၌ သီးနှံစိုက်တောင်သူများ သီးနှံအထွက်နှုန်းတိုးတက်စေရေး စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံအထွက်းနှုန်း တိုးတက်စေရေး သီးနှံစိုက် တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများ ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ‌ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ စိုက်ပျိုးပညာပေးသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများခေတ်မီနည်းပညာများ လက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူဖြစ်စေသည့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယမန်နေ့က မြို့သစ်မြို့နယ် စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သရက်မြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၂၂) ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲနှင့် အခြေခံပညာမူလတန်း (Grade-5) ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊  ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၂၂) ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲနှင့် အခြေခံပညာမူလတန်း (Grade-5) ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

ချောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှမိုးရာသီ စိုက်ပျိုးစရိတ်​ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက်၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျေးရွာအုပ်စု(၁)အုပ်စုရှိ တောင်သူဦး ရေ(၁၁၄)ဦးအတွက် ငွေကျပ်(၆၆၀) သိန်း ထုတ်ချေးပေးခဲ့ပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ငွေ ကျပ်သိန်း(၃၀၀၀၀) ထုတ်ချေးပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ငရုတ်သီးနှံ ခိုင်မာသော ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် W7 ကုမ္ပဏီတို့ ပူးပေါင်းပြီး ဒေသတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် ခိုင်မာသောဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာနှင့် သမော်အင်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူပြု AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ ခေတ်မီနည်းပညာများလက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့်AI ဉာဏ်ရည်ထုနည်းပညာပြန့်ပွားရေးလုပ်ငန်းကို ဇွန်လ ၂၉ ရက်နေ့က ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၌ မြို့နယ်လျှပ်စစ်မှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၇ နာရီခွဲက ပြည်သူများအန္တရာယ်ကင်းရှင်းစွာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန် မြို့နယ်စည်ပင်သာယာရေးဈေးတွင် ပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး