နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဆောင်ရွက်

နတ်မောက် ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှူး (၁) ဒေါ်ရီရီငြိမ်း၏ ဦးဆောင်မှုဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမနှင့် သားဖွားဆရာများအဖွဲ့က ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ငါးနှစ်အောက်ကလေးမိခင်များကို အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအကြောင်း၊ မိခင်နို့တိုက်ကျွေးရာတွင် လိုက်နာရမည့်အလေ့အထ (၁၁) ချက်အကြောင်းနှင့် အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများတွင် ဖြစ်ပေါ်တတ်သောရောဂါများစသည့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာ ဗဟုသုတအကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ကျန်းမာရေးဆရာမများက အသက်ခြောက်လမှ ငါးနှစ်အထိ ကလေးငယ်များကို ဗီတာပင် (အေ) ဆေးတိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

လှဝင်း