အောင်လံ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ ကုသိနာရုံဘုရားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်မုခ်ဦးအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ MSME နေပြည်တော် Association ဥက္ကဋ္ဌ ဦးသူရိန်၊ မကွေးတိုင်းဒေသကြီး၊ MSME Agency ဥက္ကဋ္ဌ ဦးဇော်ထွန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ တက်ရောက်လာသူများက စုပေါင်းအမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက MSME ဒေသထွက်ကုန် အရောင်းပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ပြီး၊ အဆိုပါပွဲတော်တွင် အောင်လံမြို့နယ်အတွင်းရှိ ဒေသထွက်ကုန်များ ရောင်းချပေးခြင်းအပြင်၊ ဈေးရောင်းပွဲတော်ကို ဩဂုတ် ၃ရက်နေ့မှ ၁၂ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)