ပွင့်ဖြူ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာနှင့် သမော်အင်းကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသော ကျေးရွာချင်းဆက်လမ်းအရှည်(၁)မိုင်အား လမ်းအကျယ် ၁၈ ပေ၊ အမြင့်ထု ၈ လက်မ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီအေးခိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ညောင်ပင် - သမော်အင်း ကျေးရွာချင်းဆက်လမ်း အရှည် (၁)မိုင်အား အကျယ် ၁၈ ပေ၊ အမြင့်ထု ၈ လက်မ မြေနီခင်းခြင်းလုပ်ငန်း (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အရည်အသွေးပြည့်မီစေရေး ၊ အချိန်မီ ဆောင်ရွက်ပြီးစီး နိုင်စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ညောင်ပင် - သမော်အင်း ကျေးရွာချင်းဆက်လမ်း အရှည်(၁)မိုင်အား အကျယ် ၁၈ ပေ ၊ အမြင့်ထု ၈ လက်မ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ် ၆၉ ဒသမ ၁၈၇ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ယခုနှစ် ဇွန်လ ၂၈ ရက် နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )