မကွေးမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး လှုပ်ရှားမူ၊ စံပြမိခင်ပြိုင်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ (၂၀၂၅)ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမူ၊ စံပြမိခင်ပြိုင်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ အချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးသားဖွားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။