ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပခုက္ကူ ဩဂုတ် ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ကျင်းပသည်။

ပထမဦးစွာ ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ဓာတုဗေဒအသင်းနှင့် ဘူမိဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘူမိဗေဒအသင်းက သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်နှင့် တာဝန်ရှိသူများက ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် တစ်ဦးချင်းဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)