ရွှေတောင်မြို့နယ်အတွင်း သုခမင်္ဂလာကုမ္ပဏီ(MMU) အထူးကုနယ်လှည့်အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း သုခမင်္ဂလာကုမ္ပဏီ(MMU) အထူးကုဆေးခန်းမှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လာရောက်ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၁)အထည်စက်ရုံ၊ သဘာဝဓာတ်ငွေ့စက်ရုံ၊ ပြည်ရေနံမြေ၊ ရွှေမျက်မှန်ဘုရားဓမ္မာရုံတို့တွင် (၇.၁.၂၀၂၅)ရက်နေ့မှ (၁၀.၁.၂၀၂၅)ရက်နေ့ထိ ရွှေတောင်မြို့နယ်အတွင်းရှိ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၁၉၇၅)ဦး၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လုပ်ငန်းရှင်များ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။