ဇီးကုန်းမြို့နယ်၌ G-5၊ G-9 အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်

ဇီးကုန်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆရာ/ဆရာမများ သင်ကြားရေးလုပ်ငန်းများတွင် စွမ်းရည်ပိုမိုမြင့်မားလာစေရန်နှင့် အရည်အသွေးစွမ်းဆောင်ရည် တိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှ G-5၊ G-9 အရည်အသွေးမြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)နှင့် အ.ထ.က(မြို့မ)ကျောင်းတို့၌ ဖွင့်လှစ်ခဲ့သည်။

အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် G-5၊ G-9 အရည်အသွေးမြှင့်သင်တန်းကို ဆက်လက်ပို့ချဆွေးနွေးခဲ့ရာ G-5 တွင် ဆရာ/ ဆရာမ (၆၄၃)ဦး၊ G-9 တွင် ဆရာ/ဆရာမ (၁၆၉) ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းနည်းပြ ၅၃ ဦးတို့မှ သက်ဆိုင်ရာဘာသာရပ်များနှင့် လုပ်ငန်းအတွေ့အကြုံကောင်းများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ နံနက်  ၉ နာရီမှ   ညနေ ၄ နာရီအထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)