သာယာဝတီ ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ မိသားစုတစ်ပိုင်တစ်နိုင်ဝက်မွေးမြူသူများ ဝက်ပြန်လည်ရောင်းချရာတွင် ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့မိသားစုက ကိုယ်နိုင်သလောက် ခြံဝင်းမှာဝက်မွေးမြူကြပါတယ်၊ တစ်နိုင်တစ်ပိုင်ဆိုပေမယ့် မိသားစုအပိုဝင်ငွေအတွက် စီးပွားရေးတစ်ဖက်တစ်လမ်းကနေ အဆင်ပြေပါတယ်၊ အခုတော့ ကျွန်တော် ဝက်မကြီး တစ်ကောင်မွေးထားတယ်၊ အခုဆိုရင် ဝက်သားပေါက်(၁၂)ကောင်ပေါက်ပါတယ်၊ ရောင်းလို့ရတဲ့ ရွယ်တော့ရောက်နေပြီ၊ ဝက်ပြန်လည်မွေးမြူသူတွေက လာဝယ်ရင်တော့ သူ့အရွယ်အစားအလိုက် တစ်ကောင်ကို ကျပ်(၂)သိန်းခွဲကနေ(၃)သိန်းခွဲဝန်းကျင်အထိရပါတယ်"ဟု ဝက်မွေးမြူသူ ဦးမြင့်ထွန်းက ပြောသည်။
သာယာဝတီမြို့နယ်တွင် ဝက်သားတစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်မှ ၃၃၀၀၀ ကျပ်ခန့်အထိရောင်းချရသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)