ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက(အ.ထ.က) ရွှေတောင် အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ကဝမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ဇင်းဘု)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ဇင်းဘု)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(ခွဲ)ရှမ်းကန်ကျောင်း၌ ကျင်းပခဲ့သည်။

ပြည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာ Grade-5 နှင့် Grade-9 သင်ကြား/သင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ Grade-5 နှင့် Grade-9 သင်ကြား/သင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် (၉)နာရီအချိန်က အ.မ.က(တောင်ပို့ကွင်း)ကျောင်းနှင့် အ.မ.က(လောင်းဇလီ)ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့်(လယ်/မူ) ဆရာ/ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်း ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန်ရည်ရွယ်၍ မြို့နယ်အဆင့်အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပန်းတောင်းမြို့နယ်အတွင်းရှိ အ.ထ.ကကျောင်းနှင့် အ.မ.က(လွန်) ကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် (Grade5/9) အရည်အသွေးမြှင့် ဆွေးနွေးပွဲ သင်တန်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် (Grade5/9)သင်ကြားပေးသော ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်(Grade5/9) အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း ဇီဇဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွား​ရောက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းသရုပ်ပြသ  ဆောင်ရွက်ပေးလျက်ရှိသည်။

သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာဖွေ ဖော်ထုတ်ခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က(မူလွန်)ဘူတာပိုင်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းလှမြို့၌ မူလတန်းဆင့်Grade-5 နှင့် အလယ်တန်းဆင့် Grade–9 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အလယ်တန်းဆင့် Grade-9 သင်ကြားသင်ယူမှု ထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း) ကျောင်းသပြေခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး