ကြို့ပင်ကောက် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြာင်း သိရသည်။
အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရန်နိုင်စိုးက သင်တန်းသားများသည် ကိုယ့်မြို့ကိုယ်ရွာအတွက် ပရဟိတစိတ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြာင်း သင်တန်းမှပို့ချပေးခဲ့သော စာတွေ့လက်တွေ့ သင်ခန်းစာများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးချပြီး ပြည်သူတို့၏အသက်အိုးအိမ် စည်းစိမ်များကာကွယ်ရေးများတွင် လျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး သင်တန်းသားများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင် မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ၊ အသက်ရှုကိရိယာ B A Set အသုံးပြုနည်း၊ ရှာဖွေကယ်ဆယ် ရေးပစ္စည်းအသုံးပြုနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းနိုင်နှင့် ဒုတိယမီးသတ်ဦးစီးမှူးတို့မှ သင်တန်းသား (၅၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရန်နိုင်စိုးနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)