နတ်တလင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ နေအိမ်များ အမိုးလန်ပျက်စီး၊ ပြိုလဲ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မေ ၁၁ ရက်နေ့ ညနေ ၃ နာရီ အချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ နေအိမ်များ အမိုးလန် ပျက်စီး၊ ပြိုလဲ ဆုံးရှုံးခဲ့ကြောင်းသိရသည်။