ရေတာရှည်မြို့နယ်၌၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ

ရေတာရှည် မေ ၁၁

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရေတာရှည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက ဒေသန္တရစီမံကိန်းများသတ်မှတ်ပေးပြီးဖြစ်သည့်အတွက် တာဝန်ရှိဌာနဆိုင်ရာ၊ ရပ်ကွက်ကျေးရွာများအနေဖြင့် ကြီးကြပ်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း သတ်မှတ်ဘဏ္ဍာနှစ်အတိုင်း စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။  

ထို့နောက် ရေတာရှည်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများအား စီမံကိန်းတာဝန်ပေးအပ်လွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)