ရေတာရှည်မြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းနှင့်ငွေများ ပေးအပ်

ရေတာရှည် မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်မှုကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော ရပ်ကွက်/ ကျေးရွာများမှ အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့တော်ခန်းမ၌ ထောက်ပံ့ပစ္စည်းများနှင့် ငွေများ ပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဥက္ကာသန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သန့်ဇင်ဝေနှင့် တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှ ဉီးစီးအရာရှိ ဉီးချစ်စမ်းဉီးတို့က ငလျင်ဒဏ်ကြာင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင် စု(၃၄)စု၊ လုံးဝပျက်စီးလူနေတဲ အိမ်(၈) လုံးတို့အတွက် (၁)လုံးလျှင် ငွေကျပ် (၁၀၀,၀၀၀)နှုန်း၊ လုံးဝပျက်စီးလူနေတိုက် အိမ်(၂၆)လုံးတို့အတွက် (၁)လုံးလျှင် ငွေကျပ်(၂၀၀၀၀၀)နှုန်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၃၀၃)လုံးတို့အတွက် (၁)လုံးလျှင် ငွေကျပ် (၅၀,၀၀၀)နှုန်း၊ လူဦးရေ (၁၄၂၅) အတွက်( ၁ )ဦးလျှင် ၅၀၀၀ နှုန်း (ဆန်)ဖြင့် ငွေကျပ် ၇၁၂၅၀၀၀၊ လုံးဝပြိုလဲ (၃၄) အိမ်အတွက် (၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်း တစ်အိမ်ထောင်လျှင်(၁) ပုံး၊ လုံးဝပျက်စီးဘုန်းတော်ကြီးကျောင်း (၂)ကျောင်း တို့အတွက် (၁)ကျောင်းလျှင် ငွေကျပ် (၂၀၀,၀၀၀)နှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းတို့အတွက် (၁)ကျောင်း လျှင်ငွေကျပ် (၅၀,၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ငွေများကို အိမ်ထောင်စုများ၊ ဘုန်းတော်ကြီးကျောင်းများအား တာဝန်ရှိသူ အသီးသီး ပေးအပ်ခဲ့ကြောင်း ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဉီးစီးအရာရှိထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)