နတ်တလင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ နေအိမ်များ အမိုးလန်ပျက်စီး၊ ပြိုလဲ

နတ်တလင်း မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မေ ၁၁ ရက်နေ့ ညနေ ၃ နာရီ အချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ နေအိမ်များ အမိုးလန် ပျက်စီး၊ ပြိုလဲ ဆုံးရှုံးခဲ့ကြောင်းသိရသည်။

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  မယ်ဇလီတန်းကျေးရွာအုပ်စုတွင် သွပ်မိုးထရံကာ အမိုးလန်နေအိမ်(၁၃)လုံး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမိုးလန်(၁)ကျောင်း၊ ပွတ်စုကျေးရွာအုပ်စုတွင် အမိုးလန်(၅)လုံး၊ တာပွန်မြို့ အလယ်ပိုင်းရပ်ကွက်တွင် အမိုးလန်နေအိမ်(၉)လုံး၊ ဖလံကုန်းအုပ်စုတွင် အမိုးလန်(၁၁)လုံး၊ အနောက်စုကျေးရွာအုပ်စုတွင် အမိုးလန်(၂)လုံး၊ ပြိုလဲ(၄)လုံး၊ ကညင်ကံအုပ်စုတွင် အမိုးလန်နေအိမ်(၁)လုံး၊  ကြိုးကြာကံအုပ်စုတွင် အမိုးလန်(၁၄)လုံး၊ ပြိုလဲ (၁)လုံး၊ တာပွန်မြို့ မြောက်ပိုင်းရပ်ကွက်တွင် အမိုးလန်(၅)လုံး၊ အုတ်ဖိုစုကျေးရွာအုပ်စုတွင် အမိုးလန် (၃၂)လုံး၊ ပြိုလဲ(၂)လုံး၊ ကတက်ကုန်းကျေးရွာအုပ်စုတွင် အမိုးလန်(၅၂)လုံး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမိုးလန်(၁)ကျောင်း၊ ရေမွှေးကျေးရွာအုပ်စုတွင် အမိုးလန်(၁)လုံး ပျက်စီးခဲ့ပြီး စုစုပေါင်း ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀)အုပ်စုတွင်  အမိုးလန်နေအိမ်(၁၄၅)လုံးနှင့် ပြိုလဲနေအိမ်(၇)လုံး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း အမိုးလန် ပျက်စီးဆုံးရှုံးမှု တန်ဖိုး (၁၃၅၉၀၀ဝ၀)ကျပ် ရှိပြီး  လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိ‌ခဲ့ကြောင်း  သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဆွေမျိုးသားချင်းများမှ နေထိုင်စားသောက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ ဆက်)