ပေါင်းတည် မေ ၉
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် နံနက် ၈နာရီခွဲ၌ သပြေကြီးစုကျေးရွာ ဥပုဒ်ချောင်းရေထိန်းတံခါးတပ်ဆင်ထားရှိမှု၊ နံနက် ၉ နာရီ၌ ဗျက်ကြီးကျေးရွာ ဒေါ်ခင်ဘုဏ်းမြင့်၏ ဘဲမွေးမြူရေးလုပ်ငန်း ဖြစ်ထွန်းအောင်မြင်နေမှုနှင့် နံနက် ၉ နာရီခွဲအချိန်တွင် ဗျက်ကြီးကျေးရွာရှိ နွေစပါးများစိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေဆုံကာ နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများ အကျိုးဖြစ်ထွန်းကာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် စားသုံးသူပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးတို့ကို သက်ဆိုင်ရာမြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေသား