ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနက ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ပျိုးပင်ပေါင်း (၇၀၀၀၀) ပျိုးထောင်ထားရှိ
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အကောင်အထည်ဖော်နိုင်ရန်နှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးပင်ပေါင်း (၇၀၀၀၀) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။