ပဲခူးတိုင်းဒေသကြီး

ဖြူးမြို့နယ်အတွင်း နွေစပါး စိုက်ဧက (၁၇၃၈၉) ဧက လျာထားစိုက်ပျိုးထားခဲ့ပြီး ရိတ်သိမ်းချိန်ကာလရောက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊နွေစပါး စိုက်ဧက (၁၇၃၈၉) ဧကလျာထားစိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအခြေအနေအရ ရိတ်သိမ်းချိန်ကာလ ရောက်ရှိပြီးဖြစ်ကြောင်း ​မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ပေးအပ်ရွှေတောင်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံဖြိုးတိုးတက်စေရေးကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် မေလ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကလေးမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှု‌ကြောင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုများ အကြောင်း Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု‌ကြောင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုများ အကြောင်း Talk Show ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community centre) ၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်၌ မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၈၀၀၀၀) ကို ပျိုးထောင်ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၈၀၀၀၀) ကို မြို့မပျိုးဉယျာဉ်တွင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

သာယာဝတီ၌ ပြောင်းလဲနေသောရာသီဥတုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "ပြောင်းလဲနေသောရာသီဥတုအကြောင်း" အသိပညာပေးဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

လက်ပံတန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်တွင် အင်္ဂလိပ်စာအရေးအသား ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ကျောင်းစာမေးပွဲတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အုတ်တွင်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအား ​​ထောက်ပံ့ငွေများ ပေးအပ်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အုတ်တွင်းမြို့နယ်အတွင်းရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွား သောရပ်ကွက်/ကျေးရွာအုပ်စု(၃၂)အုပ်စုမှ အိမ်ထောင်စု(၅၇၀)စု၊ လုံးဝပျက်စီးလူ​နေတဲအိမ်(၄)လုံးတို့အတွက် (၁)လုံးလျှင် ငွေကျပ်(၁၀၀,၀၀၀)နှုန်း၊ လုံးဝပျက်စီးလူနေတိုက် အိမ်(၃၁)လုံးတို့အတွက် (၁)လုံးလျှင်ငွေကျပ် (၂၀၀,၀၀၀)နှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၅၃၅)လုံးတို့အတွက် (၁)လုံးလျှင်ငွေကျပ် (၅၀,၀၀၀)နှုန်း၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၃၃,၃၅၀,၀၀၀)နှင့် လုံးဝပျက်စီးလူနေအိမ်(၃၅)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃၅)ပုံး၊ ငလျင်ဘေးသင့်လူဦးရေ ကျား(၁၂၂၈)ဦး၊ မ(၁၃၄၆)ဦး၊ ပေါင်း(၂၅၇၄)ဦးတို့အတွက် (၁)ဦး လျှင် ဆန်ရိက္ခာဖိုး(၅,၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၁၂,၈၇၀,၀၀၀)၊ လုံးဝပျက်စီးဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်းတို့အတွက် (၁) ကျောင်းလျှင် ငွေကျပ် (၂၀၀,၀၀၀)နှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၂၇)ကျောင်းတို့အတွက် (၁)ကျောင်း လျှင်ငွေကျပ် (၅၀,၀၀၀)နှုန်း၊ စုစုပေါင်းကျောင်းဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၃,၃၅၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၄၉,၅၇၀,၀၀၀)အား ယမန်နေ့နံနက် ၁၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်အုပ်စု၊ ရေဝင်ကွင်း ကွင်းအမှတ်(၉၈)၊ ဦးပိုင်အမှတ် (၆၃/၁) တောင်သူဦးထွန်းကြည်၏ အောင်နိုင်တိုးမျိုးစပါးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး