မိုးညိုမြို့နယ်၌ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စတုဒိသာကျွေးမွေးလှူဒါန်း
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ရပ်ဖြစ်သော ညောင်ရေသွန်းပွဲတော်နှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ ဝေဇယန္တာပရိယတ္တိစာသင်တိုက်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။