ကဝမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်  ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကျင်းပ

ကဝ  မေ ၁၂

မြန်မာ့ရိုးရာ ၁၂ လ ရာသီပွဲတော်များအနက်၊ ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွပ်များနှင့် ကျေးရွာများတွင် တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ဘုရားစေတီပုထိုးများတွင် ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်း ပူဇော်ကြသည်။

အဆိုပါ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကဝမြို့နယ် ငါးထပ်ကြီးဘုရားရုပ်ပွားတော်မြတ်ကြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်း နှင့် အဖွဲ့ဝင်များ ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့်ယောဂီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဘုရားရှင်အားရည်ဆူး၍ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းပူဇော်ခဲ့ကြပြီး စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်းသိရသည်။

ရဲ‌ဇော်ဟိန်း