ပေါက်ခေါင်းမြို့နယ်၌ နွေစပါးအထွက်နှုန်းကောင်းမွန်‌ရေး ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက်ခဲ့ပြီး မကြာခင်ရိတ်သိမ်းတော့မည်

ပေါက်ခေါင်း     မေ    ၁၂

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး(၁၁၈၇၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တောင်နဝင်းနှင့်မြောက်နဝင်းရေလှောင်တမံမှ ဆည်ရေတို့ဖြင့်  ဇန်နဝါရီလကစတင်ကာ တောင်သူများမှ စတင်စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်တောင်သူများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ရာ  နွေစပါးစိုက်ခင်းများမကြာခင် ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးသီးနှံအပါအဝင် နွေနှမ်း၊‌မတ်ပဲနှင့် အခြားသီးနှံစုံကို အဆိုပါဆည်ရေသောက်ဖြင့်စိုက်ပျိုးနိုင်ခဲ့ကြောင်းစိုက်ပျိုးပြီး ၄ လခန့် အကြာတွင် ရိတ်သိမ်းနိုင်ပြီး အထွက်နှုန်းအနေဖြင့်ပျှမ်းမျှ တစ်ဧကလျှင်တင်း ၈၀ မှ ၁၂၀ တင်းအထိထွက်ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်က နွေစပါး‌ဈေးကောင်းမွန်ပြီး တောင်သူတွေ အကျိုးအမြတ်ရရှိခဲ့‌ကြောင်း တောင်သူတစ်ဦးကပြောသည်။ ယခုနှစ်တွင် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက်  မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ အထွက်နှုန်း တိုးတက်ကောင်းမွန်ရေးတို့အတွက် ဝိုင်ဝန်းကြိုးပမ်းလျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်ရှိ နွေစပါးစိုက်တောင်သူများသည် ရတနာတိုး၊ ဗီယက်နမ် ၊ရက် ၉၀ ၊ ထိုင်းနှံကောက် စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများကြီးကြပ်၍နွေစပါးစိုက်တောင်သူများအား နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ကြဲပက်စိုက်ပျိုးခြင်းအစား (Drum Seeder) စနစ်၊ ပျိုးထောင်စိုက်ပျိုးနည်းစနစ်နှင့် လက်ဆွဲကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးကြရန်တို့နှင့် အခြားတောင်သူပညာ‌ပေးလုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်