ကျောက်တံခါး မေ ၁၃
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အကောင်အထည်ဖော်နိုင်ရန်နှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးပင်ပေါင်း (၇၀၀၀၀) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ထိုသို့ပျိုးထောင်ထားရှိရာတွင် ကျွန်း(၉၀၀၀)၊ ကံ့ကော်(၅၀၀)၊ မန်ဂျန်ရှား(၂၅၀၀၀)၊ မဟော်ဂနီ(၁၇၀၀၀)၊ သစ်ပိတောက်(၂၀၀၀)၊ ခရေ(၅၀၀)၊ စိန်ပန်းလေး (၁၀၀၀)၊ စိန်ပန်းနီ (၃၀၀၀)၊ တမလန်း(၁၀၀၀)၊ ပျဉ်းကတိုး(၁၀၀၀)၊ မယ်ဇလီ(၁၀၀၀)နှင့် ယမနေ(၉၀၀၀) တို့ကို သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိပြီး၊ မိုးရာသီဇွန်လဆန်းတွင် သစ်ပင်စိုက်ပျိုးမည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)