ပဲခူးတိုင်းဒေသကြီး

သာယာဝတီမြို့၌ ပလတ်စတစ်ပစ္စည်းများ အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ၂၀၂၅ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်၉နာရီက သာယာဝတီမြို့နယ် မြို့မဈေးကြီးအတွင်း၊ အပြင်ဈေးဆိုင်တန်းများသို့ သွားရောက်၍ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဈေးရောင်းဈေးဝယ် ပြည်သူများလက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၂၄) ကြိမ်မြောက် အသံမစဲမဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ မေ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အသံမစဲမဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲ၏ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရင်ပြင်တော်မြတ်စွယ်တော်တိုက်၌ ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဇီးကုန်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG မှ Grade - 11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သော KG မှ Grade 11အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများအား ယနေ့နံနက်က သက်ဆိုင်ကျောင်းများတွင် ထုတ်ပြန်ထားခဲ့သည်။

မိုးညိုမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂ /၂၀၂၅) ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ အ.လ.က(ခွဲ)မြို့မကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၂ /၂၀၂၅)ဖွင့်ပွဲပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ သစ်တောသစ်ပင်စိုက်ပျိုးရေးနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်စိုက်ပျိုးရေးနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၌ အခြေခံစားသုံးကုန်နှင့် အသား/ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပတ်စဉ်နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ပေါင်းတည်၌ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ နွေစပါးစိုက်ခင်းများအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း နွေစပါးစိုက်ခင်းများအခြေအနေကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သဲကုန်းမြို့နယ် ၂၀၂၅ ခုနှစ်မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန် အရိပ်ရပျိုးပင်နှင့် သီးပင်စားပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊​ မြို့နယ်သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဥ်၌ ၂၀၂၅ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်၊ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ပျိုးပင်ပေါင်း (၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။

သာယာဝတီမြို့၌ Fitness Dance သင်တန်းဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Fitness Dance အားကစားသင်တန်း ဖွင့်လှစ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး