ဇီးကုန်း မေ ၁၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သော KG မှ Grade 11အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများအား ယနေ့နံနက်က သက်ဆိုင်ကျောင်းများတွင် ထုတ်ပြန်ထားခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း(၁၀၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၅)ကျောင်းတွင် ဝင်ရောက်ဖြေဆိုခဲ့ ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲအောင်စာရင်းများအား သက်ဆိုင်ရာကျောင်းများအလိုက် ထုတ်ပြန်ထားလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင့်ဆွေ (ပြန်/ဆက်)