ပေါင်းတည် မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း နွေစပါးစိုက်ခင်းများအခြေအနေကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ယခုနှစ်တွင် မြို့နယ်အတွင်း နွေစပါးဧက ၂၆၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်နိုင်ရေးတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နွေစပါးပန်းတိုင်အထွက်နှုန်းသတ်မှတ်ချက် တစ်ဧက တင်း ၁၁၀ နှင့်အထက် ထွက်ရှိနိုင်ရေးအတွက် နွေစပါးစိုက်တောင်သူများအား မျိုးကောင်း မျိုးသန့် အထွက်ကောင်းနွေစပါးမျိုးများ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်းကာ သွင်းအားစုများ၊ စိုက်နည်းစနစ်ပြသခြင်းများနှင့် အသိပညာပေးခြင်းများကို ကြိုတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါ နွေစပါးအများစုမှာ ရက် ၉၀ ကျော် သက်တမ်းရှိနေကြပြီဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် နတ်ပုတီးကျေးရွာ၊ ကြူတောကန်ကျေးရွာနှင့် ဗျက်ကြီးကျေးရွာများရှိ အကွက်ကျယ် YAR-14 စံပြစိုက်ခင်းများနှင့် အောင်နိုင်တိုး၊ ရတနာတိုးအထွက်ကောင်းစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းနှင့် ရိတ်သိမ်းချိန်တွင် စပါးအလေအလွင့်မရှိစေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရွှေသား