သဲကုန်း မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဥ်၌ ၂၀၂၅ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်၊ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ပျိုးပင်ပေါင်း (၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနရုံးရှိ မြို့မပျိုးဥယျာဉ်တွင် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် ၊ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် လာမည့်မိုးဦးရာသီတွင် သစ်ပင်များစိုက်ပျိုးရန်၊ လူထုဖြန့်ဝေရန် ကျွန်း(၇၃၀၀)၊ ကံ့ကော်(၁၀၀)၊ ကုလားကုက္ကို (၃၀၀)၊ပိတောက် (၁၀၀)၊ ခရေ(၁၆၅၀)၊ ငုရွှေဝါ(၅၀၀)၊ ရေတမာ(၁၀၀၀)၊ စိန်ပန်း(၇၅၀)၊ ပျဉ်းကတိုး(၃၀၀)၊ မန်ဂျန်ရှား(၈၀၀၀)၊ ယူကလစ်(၁၀၀၀)၊ မဟော်ဂနီ (၁၀၀၀) စုစုပေါင်းပျိုးပင်(၂၂၀၀၀) ပျိုးထောင်ထားပြီး၊ သီးပင်စားပင်များဖြစ်သော မန်ကျည်း၊ ပိန္နဲ၊ ကြောင်လျှာ၊ သခွတ်၊ ဒန့်သလွန် စုစုပေါင်း (၃၀၀၀) ပျိုးထောင်ပြီး၊ အထူးပျိုးပင် (၁၀၀၀၀) ပျိုးထောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)