မိုးညိုမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂ /၂၀၂၅) ဖွင့်လှစ်

မိုးညို မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ အ.လ.က(ခွဲ)မြို့မကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၂ /၂၀၂၅)ဖွင့်ပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၊ အ.လ.က(ခွဲ)မြိုမ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်သိန်းနှင့် မြို့နယ်ကြက်ခြေနီအသင်းနာယက ဦးမြဝင်းတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစံလင်းက ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းပို့ချမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မေလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ (၃) ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ၃၃ ဦးအား အရိုးကျိုးခြင်းနှင့် ပတ်တီးဆီးခြင်း၊ အသက်ရှုမေ့မြောခြင်းနှင့် အသက်ရှုအားကူနည်း၊ ဒက်ရာအမျိုးမျိုးနှင့် သွေးထွက်ဒဏ်ရာများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)