ပဲခူးတိုင်းဒေသကြီး

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး(အနောက်) နွေရာသီ လူငယ်ကင်းထောက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပြည်မြို့တွင် မေလ ၆ရက်မှ ၁၂ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး (အနောက်) ‌နွေရာသီ လူငယ်ကင်းထောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးညိုမြို့နယ်၌ Biometric အချက်အလက်ကောက်ယူခြင်း ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးအချက်အလက် မှန်ကန်စေရေးနှင့် e-Government အကောင်အထည်ဖော်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျောက်ဝအုပ်စု၊ ဗောဓိကုန်းကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်း သင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ သတင်းမီဒီယာလုပ်ငန်း ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲတွင် သင်တန်းဖွင့်လှစ်သည်။

နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ပေါင်းတည်မြို့ ကျီးကြီးကုန်းဘုရား၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ ညောင်ရေသွန်းလောင်းပူဇော်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မြိုနယ်ကြက်ခြေနီမြိုနယ်တပ်ဖွဲမှူး ဦးကြည်ထွန်းဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကျီးကြီးကုန်း ရုပ်ရှင်တော်မြတ်ကြီးနှင့် ကျီးကြီးကုန်းသာသနာမြေပေါ်ရှိ စေတီများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ပြီး ညနေပိုင်းတွင် ဗောဓိညောင်ပင်များအား စုပေါင်း ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

အုတ်တွင်းမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများ ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယအကြိမ် (ဖေဖော်ဝါရီလနှင့်မတ်လအတွက်) ထောက်ပံ့သော ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ မေလ နောက်ဆုံးပတ်၌ ကျောင်းအပ်လက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုလ နောက်ဆုံးရက်သတ္တပတ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနိုင်ရေး ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်မှ လေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ လေဘေးသင့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်း​ဒေသကြီး​၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများပါဝင်သော ပူပေါင်းအဖွဲ့မှ ပေါင်းတည်မြို့နယ် စျေးကွက်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါင်းတည်မြို့နယ် စျေးကွက်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများအား ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးကြရာတွင် မြို့မစျေးနှင့် မြို့နယ်အတွင်း ကုန်စုံဆိုင်၊ အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်မုန့်များ၊ အလှကုန်ပစ္စည်းများအား FDA မှ ခွင့်ပြုထားသော မှတ်ပုံတင်ကုန်အမှတ်တံဆိပ် ရှိ/မရှိနှင့် အညွှန်းများ၊ ထုတ်လုပ်ရက်စွဲများ မှန်ကန်မှု ရှိ/မရှိ၊ FDA ထောက်ခံချက်များ ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယင်းသို့ ပြည့်စုံစွာ ဖော်ပြမထားသော ကုန်ပစ္စည်းများကို မရောင်းချကြရန်နှင့် FDA က သုံးစွဲရန်မသင့်ဟု သတင်းစာများတွင် ကြော်ငြာခံထားရသော အစားအသောက်နှင့်အလှကုန်ပစ္စည်းများကို မရောင်းချကြရန် အသိပညာပေးသတိပေးခြင်းနှင့် တွေ့ရှိပါက ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကို အသိပေးမှာကြားခဲ့ကြကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး