ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၌ လူနေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် ယမန်နေ့နေ့လယ်(၁၄:၀၀)နာရီ အချိန်ခန့်က လူနေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ ပဲခူးတိုင်း(အရှေ့ပိုင်း)မှ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမျှော်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း(အရှေ့ပိုင်း)မှ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး ပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ များလိုက်ပါ၍ ယနေ့နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က ပန်းတောင်းမြို့နယ် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမြှော်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူစိုး၊ အဖွဲ့ဝင် (၂) ဦးအေးကြိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ ပန်းတောင်းမြို့မစခန်းမှူး ဒုတိယရဲမှူးမျိုးမင်း၊ မြို့နယ်ပညာရေးမှူး ဦးတင်နိုင်ဦး၊ လူမှုရေးအသင်းအဖွဲ့များ၊ ရွှေဘုံသာမုနိဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် ဂေါပကအဖွဲ့ဝင်များမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ပြည်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများအား ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် လူငယ်ကင်းထောက်လေ့လာရေးခရီးစဥ်များ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့်ပဲခူးတိုင်း (အနောက်ခြမ်း)မှ လူငယ်ကင်းထောက်မောင်မယ် (၆၀) ဦး ပါဝင်သည့် လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမများလိုက်ပါလျက် ယမန်နေ့ နံနက် ၇ နာရီက (သီရိရတနာ) မှန်လုံမော်တော်ယာဥ်နှစ်စီးဖြင့် ပြည်မြို့မှ ပဲခူးမြို့သို့ လူငယ်ကင်းထောက်လေ့လာရေးခရီးစဥ် သွားရောက်ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌ “၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်များ စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေးရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

သာယာဝတီ၌ လူငယ်ကင်းထောက်မောင်မယ်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း(အရှေ့+အနောက်)မှ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ လိုက်ပါ၍ ယနေ့ နံနက် ၁၀နာရီခွဲက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ပဲခူးအရှေ့ပိုင်း+အနောက်ပိုင်းမှ လူငယ်များ တွေ့ဆုံခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

သာယာဝတီမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်တွင် ဒူးရင်းသီးစျေးကွက်တွင် စတင်ရောင်းချနေပြီး ပေါ်ဦးပေါ်ဖျားကာလတွင် စျေးကောင်းရရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရောင်းချနေသည့် ဒူးရင်းသီးများ စျေးကွက်တွင် စတင်ရောင်းနေပြီး ပေါ်ဦးပေါ်ဖျားဖြစ်ခြင်းကြောင့် ပေါများမှုမရှိသော်လည်း ယခင်နှစ်များထက် စျေးကောင်းလျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများမှ အတန်းလိုက် အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်အတွင်း‌ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် နှစ်သောင်းကျပ်ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းသို့ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး